1.CARETrade-In

Terms & Conditions

Mobile Trade-in Program

Mobile Trade-in Program – စည်းကမ်းသတ်မှတ်ချက်များ (Terms & Conditions)

ဤစည်းကမ်းသတ်မှတ်ချက်များသည် 1.Care Service ၏ Partner Retail Shop များမှ ဆောင်ရွက်သော မိုဘိုင်းဖုန်းအဟောင်းပေး၊ အသစ်လဲလှယ်ခြင်း အစီအစဉ် (Trade-in Program) နှင့် သက်ဆိုင်ပါသည်။

၁။ အကျုံးဝင်မှုနှင့် သတ်မှတ်ချက်များ (Eligibility)

  • ဖုန်းလဲလှယ်သူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး တရားဝင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် သက်သေခံစာရွက်စာတမ်း တင်ပြရပါမည်။
  • လဲလှယ်မည့်စက်သည် မိမိကိုယ်ပိုင်ပစ္စည်း ဖြစ်ရမည်ဖြစ်ပြီး ခိုးရာပါပစ္စည်း၊ တရားမဝင်ရယူထားသော ပစ္စည်းများ သို့မဟုတ် ငွေပေးချေရန်ကျန်ရှိနေသော (Installment/Financed) ဖုန်းများ လုံးဝမဖြစ်စေရ။
  • Grade A နှင့် Grade B အမျိုးစားများအတွက် ဘူးပစ္စည်းစုံလင်စွာပါရှိရပါမည် (သို့) ဖုန်းအားပိုင်ဆိုင်ကြောင်း ခိုင်လုံသော အဝယ်ဘောက်ချာ တစ်ခုခုသော်လည်းကောင်း တခုခုပါရှိရမည်ဖြစ်ပါသည်။ အဆိုပါ အရာများ လုံးဝ မပါရှိပါက ထောက်ခံစာတစ်ခုခုပါရှိရမည်ဖြစ်ပါသည်။

၂။ လက်ခံမည့် ဖုန်းအခြေအနေ စံနှုန်းများ (Device Condition & Grading)

လဲလှယ်မည့် ဖုန်းအား စစ်ဆေးပြီးနောက် အောက်ပါအခြေအနေများအပေါ် မူတည်၍ တန်ဖိုးဖြတ်မည်ဖြစ်သည်-

  • Grade A (Excellent): စက်နှင့် ဘက်ထရီ လုပ်ဆောင်ချက် ၁၀၀% ကောင်းမွန်ခြင်း၊ မျက်နှာပြင်နှင့် Body တွင် သိသာသောအခြစ်အရာနှင့် ချိုင့်ခွက်မှု လုံးဝမရှိခြင်း။
  • Grade B (Good): စက်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အားလုံး ပုံမှန်အလုပ်လုပ်ပြီး မျက်နှာပြင် သို့မဟုတ် Body တွင် မသိမသာ အခြစ်ရာအနည်းငယ်သာ ရှိခြင်း။
  • Grade C (Fair): စက်အလုပ်လုပ်သော်လည်း Body သို့မဟုတ် မျက်နှာပြင်တွင် ထင်ရှားသော အခြစ်ရာ၊ အပွန်းစင်းရာများ/ပိန့်ရာများ ပါရှိခြင်း (Display အစက်/မျဉ်း မပါဝင်ရ)။
  • Grade D (Faulty/Damaged): မှန်ကွဲအက်ခြင်း၊ ကင်မရာ၊ စပီကာ ၊ ဘက်ထရီ အစရှိသည်တို့ ချွတ်ယွင်းနေခြင်း။

ငြင်းပယ်ခွင့်ရှိသော အခြေအနေများ: စက်လုံးဝဖွင့်မရခြင်း (Dead)၊ ရေဝင်ထားသည့် လက္ခဏာရှိခြင်း (Water Damaged)၊ အရည်သွေးညံ့ဖျဥ်းသော အတု (Fake/Clone) သို့မဟုတ် Mainboard ပျက်စီးနေသော ဖုန်းများကို လက်ခံမည်မဟုတ်ပါ။

၃။ စစ်ဆေးခြင်းနှင့် တန်ဖိုးသတ်မှတ်ခြင်း (Inspection & Valuation)

  • အွန်လိုင်းမှတစ်ဆင့် သို့မဟုတ် ကနဦးခန့်မှန်းပေးထားသော စျေးနှုန်းသည် ပဏာမ ခန့်မှန်းခြေသာ ဖြစ်သည်။
  • အရောင်းဆိုင်ရှိ နည်းပညာကျွမ်းကျင်သူမှ ဖုန်း၏ Hardware၊ Software နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို စစ်ဆေးပြီးမှသာ အတည်ပြုတန်ဖိုး (Final Valuation) ကို သတ်မှတ်ပါမည်။
  • ဖောက်သည်အနေဖြင့် သတ်မှတ်ပေးသော နောက်ဆုံးတန်ဖိုးကို သဘောမတူပါက လဲလှယ်ခြင်းကို အချိန်မရွေး ပယ်ဖျက်နိုင်သည်။

၄။ လုံခြုံရေးနှင့် အကောင့်များ ရှင်းလင်းခြင်း (Data Privacy & Security)

  • လဲလှယ်မည့် ဖုန်းတွင် ထည့်သွင်းထားသော အကောင့်များ (ဥပမာ- Apple ID / iCloud, Google Account, Mi Account, Samsung Account စသည်) နှင့် Password/Passcode များကို ဖောက်သည်ကိုယ်တိုင် အပြီးအပိုင် Sign Out ပြုလုပ် ပေးရပါမည်။
  • ဖုန်းအတွင်းရှိ အရေးကြီး Data များ၊ ဓာတ်ပုံများနှင့် အချက်အလက်များကို ကြိုတင် Back-up ပြုလုပ်ထားရန် လိုအပ်ပြီး ဖုန်းကို Factory Reset ချထားရပါမည်။
  • လဲလှယ်ပြီးနောက် စက်အတွင်း ကျန်ရှိခဲ့သော မည်သည့်ဒေတာ ပျောက်ဆုံးမှုအတွက်မဆို 1.Care Service ၏ Partner Retail Shop မှ တာဝန်ယူမည်မဟုတ်ပါ။

၅။ လဲလှယ်ခြင်းနှင့် ငွေပေးချေမှု (Trade-in Process & Settlement)

  • Trade-in တန်ဖိုးကို ဝယ်ယူမည့် ဖုန်းအသစ်၏ တန်ဖိုးမှ နုတ်ယူပေးမည်ဖြစ်ပြီး ကျန်ငွေကို ဖောက်သည်မှ ပေးချေရမည် (သို့မဟုတ် ဖုန်းဟောင်းတန်ဖိုးပိုပါက ကွာခြားငွေကို ပြန်လည်ထုတ်ပေးမည်)။
  • အကယ်၍ ဖုန်းသစ်မဝယ်ယူဘဲ တိုက်ရိုက်ရောင်းချခြင်းအား ဝန်ဆောင်မှု မပြုလုပ်ပါ။
  • လဲလှယ်မှုပြီးမြောက်ကြောင်း လက်မှတ်ရေးထိုးပြီးပါက ဖုန်းဟောင်း၏ ပိုင်ဆိုင်ခွင့်သည် 1.Care Service ၏ Partner Retail Shop ဘက်သို့ လုံးဝလွှဲပြောင်းရောက်ရှိသွားမည် ဖြစ်သည်။